မွေးရပ်ဌာနေ ကံပေါ်မြေ
ရေ/ဆို...ဇော်ဇော်
တေးဂီတ...စန္ဒယားမင်းဇော်
ဇာတိချက်ကြွေ မွေးရပ်မြေ ကံပေါ်ကျေးရွာ ကိုစွန့် ခွာခဲ့တာ ဆယ်စုနှစ်ကျော်ခဲ့ပါပြီ။
ဆူကြုံနိမ့် မြင့်လောကလမ်းပေါ်မှာ ဘဝတက္ကသိုလ်ကပေးတဲ့သင်ခန်းစာတွေကို
သင်ယူလျှောက်လှမ်းရင်း အတွေ့ အကြုံတွေကိုမှတ်သားလို့ ...ရောက်နေတဲ့အရပ်
ကနေ မွေးရပ်မြေကိုလွမ်းဆွတ်မိပါရဲ့...။ရွာမှာမွေးးးးရွာဓလေ့ ရပ်ဓလေ့ ရိုးရာယဉ်ကျေးမှု ဓလေ့တွေကိုနှစ်သက်မြတ်နိုးတတ်တဲ့ကျွန်တော် မြန်မာ့ဂီတကိုလည်းခုံမင်ဝါသနာပါလေတော့
ငယ်စဉ်ရွာက အကြောင်းလေးတွေကို ပြန်ပြောင်းသတိရရင်း သီချင်းတပုဒ်ရေးမိပါတယ်။ဒီသီချင်းလေး
ထဲကအကြောင်းလေးတွေက ကံပေါ်ရွာရဲ့တည်ရှိပုံနဲ့အလှုပွဲညလေးကိုအကြောင်းပြုရေးထားတာပါ။
OMAHA မြို့ မှာနေတဲ့ကျွန်တော့်ဂီတမိတ်ဆွေကြီး စန္ဒယားမင်းဇော်ကတီးပေးထားပါတယ်။
သီချင်းဆိုတာကို ငယ်စဉ်ကတည်းက ဝါသနာပါခဲ့တဲ့ကျွန်တော်ဟာ အထက တကောကနုတ်ကျောင်း
မှာအဆိုပြိုင်ပွဲဝင်ပြီးကတည်းကကျွန်တော့်ဝါသနာပိုမိုခိုင်မာလာခဲ့ပါတယ်။ရွာကမင်္ဂလာဆောင်ပွဲ၊အလှူပွဲ
၊ကလေးမီးထုပ်ပါမကျန်သီချင်းလိုက်ဆိုတော့တာပါပဲ။ဘာပွဲမှမရှိရင်ရွာကကျွန်တော့်အကိုမယ်ဒလင်ဆရာ
ဟန်ဝင်းစိုးတို့ အိမ်မှာ သီချင်းတိုက်ကြတယ်လေ။နေမြင့်လေအရူးရင့်လေဆို
သလိုကြာလေပိုဆိုချင်ဖြစ်လာခဲ့တာအခုဆိုကျွန်တော်ဟာ မြန်မာ့လက်ဝှေ့ ကျော်တွေ့ မရှောင်လိုပဲ
နေရာမရွေးအချိန်မရွေးပဲ အဆိုနဲ့ပတ်သတ်လာရင် မိုက်ခဲတောင်ဖြစ်နေပြီ။အပျော်ပါ။
ကျွန်တော့်သီချင်းလေးကိုနားဆင်ခံစားပေးကြပါအုံး။(kan paw thar)
Comments
Post a Comment