ခေါင်အုံးလေးကို မေးကြည့်ပါ
ခေါင်းအုံးလေးကို မေးကြည့်ပါ အိပ်မပျော်ရ်ျ...... စိတ်ခေါ်ရာနောက် ပြတင်းပေါက်မှာ လက်ထောက်မျှော်ငေး ဟိုဒီတွေးရင်း အတွေးထဲမှာ သူဝင်လာတယ်။ ။ တွယ်တာတမ်းတ ချစ်နေရတဲ့ အလှမျက်နှာ သူ့ ရုပ်လွှာကို ဘယ်မခါမမေ့ တမြေ့မြေ့နှင့် နေ့ နေ့ ညည ထာဝရပဲ။ ။ အမြဲမြင်ယောင် မျှော်တော်ယောင်ဖြစ် အချစ်ရက်တွေ ရှည်ပါစေလို့ ... ဗုဒ္ဓေထံပါး ဆုပန်ကြားတာ မကြာခဏ ညညတိုင်းပါ ချစ်သူရယ်။ ။ အိပ်ပြန်လျှင်လည်း အိပ်မက်ထဲမှာ တဝဲလည်လည် မြင်ယောင်တွယ်မိ တကယ့်တကယ် လိမ်လည်မပြော ကျိန်တွယ်နေလဲ အပိုပဲပေါ့။ ။ သခင့်အရိပ် ညအိပ်မက်တွေ ချစ်သူ့ အရိပ် ချစ်အိပ်မက်တွေ ရေတွက်မရ များပြားလှကြောင်း ခေါင်းအုံးလေးက သက်သေကွယ်။ ။့ 