ခေါင်အုံးလေးကို မေးကြည့်ပါ
ခေါင်းအုံးလေးကို မေးကြည့်ပါ
အိပ်မပျော်ရ်ျ......စိတ်ခေါ်ရာနောက် ပြတင်းပေါက်မှာ
လက်ထောက်မျှော်ငေး ဟိုဒီတွေးရင်း
အတွေးထဲမှာ သူဝင်လာတယ်။ ။
တွယ်တာတမ်းတ ချစ်နေရတဲ့
အလှမျက်နှာ သူ့ ရုပ်လွှာကို
ဘယ်မခါမမေ့ တမြေ့မြေ့နှင့်
နေ့ နေ့ ညည ထာဝရပဲ။ ။
အမြဲမြင်ယောင် မျှော်တော်ယောင်ဖြစ်
အချစ်ရက်တွေ ရှည်ပါစေလို့ ...
ဗုဒ္ဓေထံပါး ဆုပန်ကြားတာ
မကြာခဏ ညညတိုင်းပါ
ချစ်သူရယ်။ ။
အိပ်ပြန်လျှင်လည်း အိပ်မက်ထဲမှာ
တဝဲလည်လည် မြင်ယောင်တွယ်မိ
တကယ့်တကယ် လိမ်လည်မပြော
ကျိန်တွယ်နေလဲ အပိုပဲပေါ့။ ။
သခင့်အရိပ် ညအိပ်မက်တွေ
ချစ်သူ့ အရိပ် ချစ်အိပ်မက်တွေ
ရေတွက်မရ များပြားလှကြောင်း
ခေါင်းအုံးလေးက သက်သေကွယ်။ ။
့
Comments
Post a Comment