ရေး/ကိုမြင့်သွင်
ဆို/ကိုသားကြီး
ဒီသီချင်းလေးကို2016 ခုနှစ်၊ January, 1 ရက်နေ့ မှာ အမှတ်တရအဖြစ်နဲ့  ကြိုက်လို့ယခုအပတ်နားဆင်ဖို့ ရွေးချယ်ပြီးမှက်တမ်းတင်လိုက်ပါတယ်။ကျွန်တော့်သူငယ်ချင်းမိတ်ဆွေများကို
လည်း မျှဝေခံစားစေချင်လို့ ပါ။ဒီသီချင်းနဲ့ပတ်သတ်ပြီးအနည်းငယ်သိထားသမျှလေးဖောက်သယ်ချချင်ပါ
တယ်။ သီချင်းရေးသူကိုမြင့်သွင်က ဒီသီချင်းလေးကို ယခုအမေရိကန်နိုင်ငံ၊အင်ဒီယားနားပြည်နယ်၊ဖို့ တ်
ဝိန်းမြို့ တွင်နေထိုင်လျှက်ရှိသော ကိုသားကြီး(ခ)ကိုသာကျော်ဝေ ကိုပေးခဲတာကြာပါပြီ။အကြောင်းကြောင်း
ကြောင့်အသံမသွင်းဖြစ်ခဲ့ပါဘူး။၂၀၁၅ခုနှစ်တွင် ကိုသားကြီး မြန်မာပြည်သို့ အလည်တခေါက်ပြန်ရင်း
OUTSIDER လို့ အမည်ပေးထားတဲ့ တေးစီးရီးအသံသွင်းဖြစ်ခဲ့ပါတယ်။အဲ့ဒီ OUTSIDER စီးရီးထဲမှာ
ကိုသားကြီး စိတ်ကြိုက်တေးသီချင်း (၈) ပုဒ်သီဆိုအသံသွင်းထားပါတယ်။
(1) တမျိုးလေး
(2) Come to America
(3) Love with little evil
(4) ကိုယ်စား
(5) တော်လှန်ရမယ်
(6) အိမ်ပြန်မယ့်လမ်း
(7) စာတန်ရဲ့သားပျို
(8) တိုက်ပွဲခေါ်သံ အပါအဝင်တေးသီချင်းများဖြစ်ပါတယ်။ တေးသီချင်းများအားလုံး ကိုယ်ပိုင်သံစဉ်
ရင်တွင်းဖြစ်များဖြစ်ပါတယ်။ကိုယ်ပိုင်သံစဉ် တေးသီချင်းများကို ဖန်တီးသီဆိုတီခတ်သူကိုသားကြီးဟာ
တချိန်က ရုပ်ရှင်သရုပ်ဆောင်လည်းလုပ်ခဲ့ဖူးပါတယ်။ ယခု တမျိုးလေးသီချင်းကို ကျွန်တော်က အင်ဒီ
ယားနားပြည်နယ်၊ဖိုတ်ဝိန်းမြို့ မှ အလှအပများနှင့်ခံစားပုံဖော်ထားပါတယ်။ပညာရှင်မဟုတ်သောကျွန်တော်
၏ဖန်တီးမှူ မှာညံ့နေလျှင်ကျွန်တော်၏အားနည်းချက်မျှသာဖြစ်ပါသည်ဟုဝန်ခံပါရစေ...။ကျန်ရှိနေသေး
သောတေးသီချင်း(၇)ပုဒ်ကိုလည်းဆက်လက်ရ်ျတင်ပေးသွားပါမည်။ (kan paw thar)
Comments
Post a Comment